ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၅၁၇)ဦးမှ ဆေးရုံဆင်းခွင့်ရရှိသ (၄၀၆)ဦးရှိ

 

ကျောက်ပန်းတောင်း၊ စက်တင်ဘာ-၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သံသယရှိသူများကို၊ နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၂)နာရီအထိ RDT Test Kit ဖြင့် စစ်ဆေးပေးလျှက်ရှိရာ၊ စက်တင်ဘာ (၁၃)ရက်နေ့တွင် ရောဂါပိုး တွေ့ရှိသူ (၁) ဦးသာရှိကြောင်း အဆိုပါဆေးရုံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာမှာ သာယာအေးရပ်ကွက်မှ အသက်(၃၀)နှစ်အရွယ် အမျိုးသမီး(၁)ဦးဖြစ်ပြီး၊ ၎င်းပိုင်ဆိုင်သည့် သီးခြား ခြံဝန်းအတွင်းရှိ အဆောင်အဦတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျှက်ရှိ ကြောင်းသိရပြီး၊ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ (၁၃) ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျား(၂၈၁)ဦး မ(၂၃၆)ဦး စုစုပေါင်း (၅၁၇) ဦးဖြစ်ပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ ကျား(၂၂၅)ဦး မ(၁၈၁)ဦး ပေါင်း(၄၀၆)ဦး၊ သေဆုံးသူ ကျား(၄၇)ဦးနှင့် မ(၃၈)ဦးဖြစ်ရာ၊ ဆေးရုံတက်လူနာ ကျား(၉)ဦး၊ မ(၁၇)ဦး စုစုပေါင်း(၂၆)ဦး ကျန်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြနရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)