မာန်အောင် စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ သံသယ လက္ခဏာဖြင့် လာရောက် ပြသ လာသူ (၂)ဦးအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ(RDT)ဖြင့် စစ်ဆေးရာ(၂)ဦးစလုံးတွင်ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ပိုးတွေ့ အတည်ပြုလူနာ(၇၉)ဦး ထိရှိလာပြီးဖြစ်ကြောင်း မြို့ နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရောဂါပိုးတွေ့လူနာများမှာ မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအုပ်စု၊ ကအီးကျေးရွာမှ အသက်(၆၁)ရှိ အမျိုးသားတစ်ဦးနှင့် ပလင်ကျေးရွာအုပ်စု၊ ပလင်ကျေးရွာမှ အသက်(၅၀)နှစ်ရှိ အမျိုးသမီး တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၇၉)ဦးရှိလာပြီး ၎င်းတို့အနက်မှ ရောဂါ ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ပြု လူနာ(၅၇)ဦး၊ သေဆုံးသူ(၁၄)ဦးနှင့် ဆေးကုသမှုခံယူ နေသူ လူနာ(၈)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)