အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်တွင် တောင်သူများစပါးမျိုးသန့်များ လွယ်ကူ စွာဝယ်ယူရရှိစေရန် ၊ မျိုးသန့်အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားပြီး ထွက် ကုန်အရည်အသွေး ကောင်းမွန်စေရန်အတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မိုးစပါး ဆင်းဧက ရီ(၃) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းမျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ စုပေါင်းလှူဒါန်းသော ဆန်အိတ် ( ၃၀၃ ) အိတ်၊ ဆီ ( ၄၄၉ ) ပိဿာ၊ ပဲ ( ၈၄၈ ) ပိဿာ၊ ဆား (၂၅၃) ပိဿာ၊ ကြက်သွန် ( ၅၀၀ )ပိဿာ တို့အားလှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်​​ မြတ်စွာဘုရားကြီးဝန်းအတွင်းရှိ မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်း ထိပ်တွင် ပန်နန်းဒင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းဦးဆောင်မှုဖြင့် ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ နေ့စဉ်ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Sep 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက် ဒေသနေ မိဘပြည်သူများ၏ ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေများတွင် ကူညီဆောင် ရွက်နိုင်ရန်အတွက် ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် (၂)စီး လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်၊ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။