အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာရာမလမ်းတွင် ယမန်နေ့ ကဖြစ်ပွားခဲ့သော မိုသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂) လုံး ၊ အိမ်ထောင်စု့ (၂) စုအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁နာရီ မိနစ် ၃၀ အချိန်က လေဘေးသင့် ပြည်သူ့များထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
Sep 14,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် နခခ( ၃)မှ အမျိုးသား(၁)ဦး နေမကောင်း/ အနံမရသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ပြည်သူများပူးပေါင်း စေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟံသာဝတီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည် ။
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စု ရပ်နေရာများ၌  ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ခရိုင်အတွင်းရှိ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေထုတ်ချေးခြင်းကို ဇွန်လ(၁)ရက်နေ့မှ စတင်၍ထုတ်ချေးပေးခဲ့ရာ ယခုအထိ အချိန်စေ့ရောက်ပြီး ချေးငွေ အပြေကျေပြီးဖြစ်သည့် တောင်သူများအား ချေးငွေများ ထုတ်ချေးပေးခြင်းကို စက်တင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းအချိန်အထိ ထုတ်ချေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိ စေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်ထား ကြောင်း သိရသည်။