အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူလျော့ကျသွားစေရး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့ညပိုင်းက အသံချဲ့စက်ဖြင့် အသိပေး ကြေညာခဲ့သည်။
Sep 14,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို COVID-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၃ရက်နေ့အထိ ထိုးနှံပြီးသူပေါင်း ၁၁၁၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်ကွမ်းချောင်း ကျေးရွာအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက်ရေးအခက်အခဲ ရှိသော အိမ်ထောင်စု စုစုပေါင်း အိမ်ခြေ (၁၅၀) အတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၁)နာရီ အချိန်ကဆောင်ရွက်ကြောင်း သိရှိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 14,2021
မြေပဲကို မြေပဲဆံနှင့် မြေပဲဆီ နှစ်မျိုးစလုံး စားသုံးမှုများသဖြင့် ပြည်တွင်းစားသုံးမှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ မြေပဲတစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် ဆီထွက်သီးနှံများ စုစုပေါင်း စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကြောင်း သိရသည်။
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ သူ‌လျော့ကျစေရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို ယမန်နေ့နံနက်က မြန်အောင်မြို့မရဲစခန်းတွင်  Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။