သီးနှံစိုက်ခင်းများမှ စွန့်ပစ်ပစ္စည်းများဖြင့် သဘာ၀‌မြေဩဇာပြုလုပ်

ရေဦး စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ တောင်သူ ဦးဌေးလွင်နေအိမ်တွင် စွန့်ပစ်ပစ္စည်းများဖြင့် အီးအမ်ဘိုကာချီ သဘာ၀ ဓာတ်မြေဩဇာ ပြုလုပ်ထားကြောင်း သိရသည်။

သဘာ၀ဓာတ်‌မြေဩဇာ ပြုလုပ်ရာတွင် ရေဦးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ချမ်းသာ စိုက်ပျိုးနည်းပညာ ‌ပြန့်ပွားရေးစင်တာ တာ၀န်ခံ ဦးအောင်ကျော်ဦးနှင့် ၀န်ထမ်းများက ကွင်းဆင်း၍ တောင်သူများနှင့်အတူ သဘာ၀မြေဩဇာ ပြုလုပ်နည်းများကို လက်တွေ့ပြသ ပေးခဲ့ကြသည်။

ထိုသို့ သဘာ၀ဓာတ်မြေဩဇာပြုရာတွင် ရှေးဦးစွာ အလျား ၆ ပေ၊ အနံ ၃ ပေရှိ မြေဘောင်ချပေးရပါမယ်၊ ရေဂါလံ ၂၀ ထဲသို့ EM ဖျော်ရည် တစ်လီတာ၊ တင်လဲရည် တစ်လီတာ ရောထည့်ပြီး မွှေထားပေးရမယ်၊ မြေဘောင်ပေါ် သီးနှံစွန့်ပစ်ပစ္စည်းများ ၆ လက်မထုအထိ စီပေးရတယ်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် ဖွဲနုရောရာ ရှစ်ပြည်ခန့် ဖြူးပေးပါ၊ တစ်လွှာပုံပြီးတိုင်း EM ဖျော်ရည် ၃ ဂါလံကိုနှံအောင်ဖျန်းပေးရမည်၊ မြေဆွေးပုံကျစ်လစ်စေရန် တစ်လွှာပြီးတစ်လွှာ တက်နင်းပေးရတယ်၊ အလွှာ ‌၆ လွှာရသည်အထိ အဆင့်ဆင့် ပြုလုပ်သွားပြီး မြေဆွေးပုံကို လေလုံအောင် ပလပ်စတစ်ဖြင့် လုံခြုံစွာအုပ်ထားပေးထားပါက ရက်ပေါင်း ၄၀ ခန့်ကြာလျှင် စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်၊ ယခုပြုလုပ်သည့် သဘာ၀ မြေဩဇာကို နှမ်းရိုး၊ မြေပဲရိုး၊ ကောက်ရိုးများဖြင့် ပြုလုပ်ခဲ့ကြောင်း၊ သသာ၀ မြေဩဇာနှစ်စဉ် အသုံးပြုခြင်းအားဖြင့်  မြေအချဉ်အငံဓာတ်ကို ပြုပြင်ပေးတယ်၊ ဓာတုဓာတ်မြေဩဇာသုံးစွဲမှု (သွင်းအားစု) လျှော့ချနိုင်တယ်၊ သွားလာရေးခက်ခဲလျက်ရှိသည့် ကျေးလက်နေတောင်သူများ အနေဖြင့် မိမိအိမ်မှာ လယ်ယာထွက်ပစ္စည်းများဖြင့် သဘာ၀မြေဩဇာများ ပြုလုပ်ထားသင့်ကြောင်း၊ လိုအပ်သောနည်းပညာများအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း " ချမ်းသာ စိုက်ပျိုးနည်းပညာပြန့်ပွားရေး KC စင်တာတာ၀န်ခံ  ဦးအောင်ကျော်ဦး  ကပြောသည်။

မြို့နယ်(ပြန်/ဆက်)