Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပြီးသူ ၄၄၂၄ ဦးရှိ ပြီဖြစ်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား အမှတ်(၃) ရပ်ကွက်ရှိ လေးမျက်နှာဇာတ်ရုံတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့မှ ယမန်နေ့ အထိ (၄၄၂၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တက်ရောက်ကုသနေသည့် ကိုဗစ် -၁၉ ရောဂါလူနာ ၁၈၅ ဦး ဆေးရုံးမှဆင်း
Sep 14,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကျား ၉၃ ဦး၊ မ ၉၂ ဦးကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့် ပြုခဲ့ကြာင်း ညောင်ဦးခရိုင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁၅၅၃)ဦးအနက်(၁၀၀၁)ဦးဆေးရုံဆင်းခွင့်ရရှိ
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာခံစား နေရသူများ ကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၆)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြု လူနာ(၁၅၅၃)ဦး အနက်မှ (၁၀၀၁)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ(၁၀၁)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လှူဒါန်းသော ၄၀ လီတာ အောက်ဆီဂျင်အိုးများနှင့် Oxygen Fl…
Sep 14,2021
ပဲခူတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများသို့ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ၄၀ လီတာ အောက်ဆီဂျင်အိုး(၆၅)လုံနှင့်Oxygen Flowmeter (၃၀)ခု တို့အား ယနေ့ နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ပြည်နယ်စည်ပင်သာယာရေးရန်ပုံငွေဖြင့် မြေလမ်းမှ ကတ္တရာလမ်း ဆောင်ရွက်ပြီးစီး
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သရဖီလမ်းကို မြေသားလမ်းမှ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်မှု ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင်လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးဆိုင်ရာများအား အသိပညာပေး နှိုးဆော်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး၊ မြို့နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်း အသိပညာပေးခြင်းကို ယနေ့နံနက်(၈) နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့သို့ Oxygen Plant စက်အသစ် ရောက်ရှိ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသော ကိုဗစ်လူနာများနှင့် မြို့နယ်အတွင်း အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်မှုအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် သာယာဝတီခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ စေတနာအလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင် ထုတ်စက်သည် ယမန်နေ့နေ့လယ်ပိုင်းတွင် သာယာဝတီမြို့ သတ္တဌာနမြို့ဦးကျောင်းတိုက်၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိပြီး တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25609
Page
25610
Page
25611
Page
25612
Current page
25613
Page
25614
Page
25615
Page
25616
Page
25617
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department