ပုဇွန်တောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ပုဇွန်တောင် စက်တင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယ​မန်နေ့ နံနက်ပိုင်း က အမှတ် (၁၀) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ် ဘုရားဖြူကျောင်းတိုက်၌ နိုင်ငံသားစိစစ်​ရေးကတ်ပြား များ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင်  လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄.၁၁.၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ်မရှိသော သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ထုတ်​​ပေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိ​သော ရပ်ကွက်များတွင် လည်း ဆက်လက်ကွင်းဆင်း​ ဆောင်ရွက်​ပေးသွားမှာဖြစ်​ကြောင်း သိရသည်။

မြတ်သီရိခိုင်