ဘုတ်ပြင်းမြို့နယ်တွင် Stay at Home စည်းကမ်းချက်မလိုက်နာသူများအား စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း များနေ့စဉ်ဆောင်ရွက်လျက်ရှိ

 

ဘုတ်ပြင်း   စက်တင်ဘာ   ၇

         

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင် မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်း အဖွဲ့များမှ Stay at Home ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်မှုမရှိသူများအား စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်တာဝန်ရှိသူများက  လမ်းဆုံ နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တာဝန်ကျစစ်ဆေး‌ေရးအဖွဲ့မှ လမ်းပေါ်သွားလာနေသူများအား( Stay at Home ) သတ်မှတ်ကာလအတွင်း ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြား ကိုင်ဆောင်ထားခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စအပ မိမိအိမ် တွင်သာနေထိုင်ရေး၊ တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာရေး၊ ဆေးရုံဆေးခန်း သွားလို ပါက နှစ်ဦးသာသွားရောက်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ် တကျတပ်ဆင်ရေး စသည့်အသိ ပညာပေးခြင်း၊ နေအိမ်ပြင်ပထွက်ခွာသွားလာသည့် ကတ်ပြားကိုင်ဆော်ပြီးဈေးဝယ်ခြင်းနှင့်ကျန်းမာ ရေးကိစ္စကိုသာ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုတာ ဝန်ကျအဖွဲ့ဝင်များကအသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

သတင်းရေးသားပေးပို့သူ -  မြို့နယ်(ပြန်/ဆက်)