ဆီဆိုင် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံ ပေးခြင်းကို သတ်မှတ်ထားသည့် စုရပ်နေရာများ၌ထိုးနှံပေးလျက်ရှိသည်။
ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးခဲ့ရာ ဆီဆိုင်မြို့နယ်ခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ် ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံတို့၌ ပထမအကြိမ်ကာကွယ်ဆေးအား(၅၃၀၆)ဦးတို့ကို ဦးစားပေးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ပထမအကြိမ် ထိုးနှံပြီးသူများကို ဩဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြန်လည်ထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၇၂၈)ဦးရှိပြီး ကျန်ရှိနေသည့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မျိုးမြတ်(ဆီဆိုင်)