“အုတ်တစ်ချပ်သဲတစ်ပွင့်” ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသော သုဝဏ္ဏ ကိုဗစ်ကုသရေးစင်တာတွင် ကုသလိုပါက သတ်မှတ်ချက်များ ကိုက်ညီမှု ရှိ၊ မရှိ အများပြည်သူသိရှိနိုင်ရေး အချက်အလက်များဖြင့် ဖော်ပြပေးလျက်ရှိ

သင်္ဃန်ကျွန်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း"အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်ဒေးရှင်း"က ဖွင့်လှစ်ထားသော သုဝဏ္ဏကိုဗစ်ကုသရေးစင်တာတွင် တက်ရောက်ကုသလိုသော ကိုဗစ်ရောဂါ လူနာရှင်များအနေဖြင့် ရောဂါကာကွယ်ရေးစင်တာမှ ဖော်ပြ ထားသော အချက်အလက်များကို ကိုက်ညီမှု ရှိ၊ မရှိ မိမိကိုယ်တိုင်စစ်ဆေးနိုင်ရေးစင်တာ တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းက အများပြည်သူသိရှိနိုင်ရေး ဖော်ပြပေးထားကြောင်း သိရှိရသည်။

ရှေးဦးစွာ  တက်ရောက်ကုသလိုသော လူနာများနဲ့ လူနာရှင်များ သိရှိထားရမည့် အချက်များကတော့  သွေးတွင်းအောက်စီဂျင် ၉၃ % နှင့် ၈၅% ကြားရှိသော လူနာဖြစ်ရပါမယ်၊ဒေသန္တရမှ Positive ဖြစ်​ကြောင်း ​ထောက်ခံချက် (သို့မဟုတ်) Lab တခုခုမှ ​ဆေးစစ်ချက် Positive ထွက်သည့် အ​ဖြေစာရွက်ယူ​ဆောင်လာရန်၊ ထောက်ခံချက်၊​ ဆေးစစ်ချက်များ မပါရှိပါက ​နေ့စဉ် နံနက် ၉နာရီမှ ၃နာရီအတွင်း စင်တာတွင် RDT ဖြင့် စစ်​ဆေး​ပေးပြီး Positive အ​ဖြေထွက်ပါက တက်​ရောက်ကုသခွင့် ရရှိမည်၊ တက်​ရောက်ကုသရန် လူနာ​စောင့်တဦး လိုက်ပါ ​စောင့်​ရှောက်ရမည်ဖြစ်ပြီး အမျိုးသားလူနာအတွက် အမျိုးသားလူနာစောင့်တစ်ဦး၊ အမျိုးသမီးလူနာအတွက် အမျိုးသမီးလူနာစောင့်သာ စောင့်ခွင့် ရှိမှာပါ။ လူနာစောင့်သည် စင်တာမှနေပြီး ပြင်ပသို့ အဝင်၊ အထွက် လုပ်ခွင့်မရှိခြင်း၊လူနာနှင့် လူနာစောင့်များသည် ကုသရေး စင်တာ စည်းကမ်းများကို အတိအကျ လိုက်နာရပါမည်၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စင်တာမှ တာဝန်ယူကျွေးမွေးသွားမှာလည်း ဖြစ်သည်၊ လိုအပ်သော ဆေးဝါးများ (Favipiravir, Remdesivir လိုအပ်လာလျှင် သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားချက်အတိုင်း) အခမဲ့ သုံးစွဲ ပေးသွားမည်၊ လူနာများ ဆေးရုံတက်သည့် အချိန်မှစပြီး ဆေးရုံဆင်းသည့်အချိန်အထိ နေထိုင် စားသောက်စရိတ်၊ ဆေးကုသစရိတ် များအား စင်တာမှ (အခမဲ့) အသုံးပြုပေးမည်၊လူနာများ အောက်စီဂျင် လုံလောက်စွာအသုံးပြုနိုင်စေရန်အတွက် Oxgen Concentrator များ၊ Oxygen Tankများ အပြင် Oxygen Plant ကိုပါ တပ်ဆင်ထားမည်ဖြစ်ပြီး လူနာများအတွက် လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် အရည်အသွေးမြင့်ပုဂ္ဂလိက ဓာတ်ခွဲခန်းတွင် အခမဲ့စစ်ဆေးပေးမှာဖြစ်ကြောင်း သိရှိရသည်။

ထို့နောက်ပထမအဆင့်အနေဖြင့် ကိုဗစ်လူနာ အယောက်(၂၀၀)အား အရင်ဆုံး လက်ခံ ကုသပေးသွားမှာ ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လူနာ ၃၀၀၊ စုစုပေါင်း လူနာ ၅၀၀ကို လက်ခံ ကုသပေးသွားမှာလည်း ဖြစ်ပြီး လူနာတက်​ရောက်ခွင့် အ​သေးစိတ်အား ထပ်မံသိရှိချင်ပါက Admission Phone Number 09 880 847 663 ကို မနက်၉နာရီမှ ည​နေ၅နာရီအတွင်း ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါကြောင်း စင်တာတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

စန္ဒာမိုး