ပုသိမ်မြို့ရပ်ကွက်(၁ နှင့် ၈)မှ ပြည်သူများနှင့် နိုင်ငံ့၀န်ထမ်းများကို၊ ကိုဗစ် -၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည်


ပုသိမ်  စက်တင်ဘာ ၁၅


ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကိုဗစ်ကော်မတီ၏အစီအစဉ်ဖြင့် စက်တင်ဘာ ၁၄ ရက်နေ့တွင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေး(sinopharm)ထိုးပေးခဲ့ပါသည်။
ပုသိမ်မြို့  မြို့တော်ခန်းမတွင် ရပ်ကွက်(၂)အားလည်းကောင်း၊ အထက (၁) တွင် ရပ်ကွက် ၅ အားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ပေးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၈၀၀ ဦး ဆေးထိုးနှံခဲ့ပြီးဖြစ်ပါသည်။

ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်တိုင်း၊ ခရိုင်အဆင့်အရာရှိကြီးများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရှိစေရေး အလေးထားမှာကြားခဲ့သည်။ ယနေ့တွင်ကာကွယ်ဆေးဆက် လက်ထိုးနှံပေးမည့်သူများမှာ အသက် ၅၅  နှစ်အထက်ဖြစ်သော ရပ်ကွက်  ၈ မှ စာရင်းပေးသွင်းထားပြီးသူ ၄၀၀ ဦးကို အထက  (၄) တွင်လည်းကောင်း၊ ရပ်ကွက်  ၁ မှ စာရင်းပေးသွင်းပြီးသူ ၄၀၀ ဦးကို အလက (၅) သစ်ညိုကုန်းတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများကို အထက  ၁ တွင်လည်းကောင်း နံနက် ၉ နာရီမှစ၍ အသီးသီးထိုးနှံပေးသွားမည်ဖြစ်သည်။
ဆေးထိုးနှံရာတွင် ဆေးများအလုံအလောက်ရှိပြီးဖြစ်ပါသဖြင့် တိုးဝှေ့စုပြုံခြင်းမပြုဘဲ သတ်မှတ်စည်းကမ်းချက်များအတိုင်း ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။


မောင်မောင်မြင့် (ပုသိမ်)