သနပ်ပင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်နှင့်ဆီများ ဆပ်ကပ်လှူဒါန်း

သနပ်ပင်  စက်တင်ဘာ  ၁၅

မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စ အဝဝတွက် အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့်ဆီတို့ကို ယမန်ရက်နေ့ နံနက်ပိုင်းက သွားရောက် ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် တာဝန်ရှိသူတို့က ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်း၌ ဝါဆိုတော်မူသော သံဃာတော် (၃၆၅)ပါးအတွက် ဆန်(၈၂) အိတ်၊ ဆီ (၆၉)ပိဿာ၊ ကြက်သွန်နီ (၉၂) ပိဿာတို့ကိုလည်းကောင်း သီလရှင်ကျောင်းတိုက်မှ သီလရှင်(၂၆)ပါးအတွက် ဆန်(၇)အိတ်၊ ဆီ(၆)ပိဿာ၊ ကြက်သွန်နီ (၈)ပိဿာ တို့ကိုလည်းကောင်း ဆပ်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုသည် သနပ်ပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ကျောင်းတိုက်(၂၀)ရှိ သံဃာတော် နှင့်သီလရှင်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များဆွမ်းကိစ္စ အဝဝတွက် အခက်အခဲမရှိစေရန် ဆက်လက်၍ လှူဒါန်းသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမိုး