အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
   တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊မေတ္တာမြို့၌ ယမန်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုး စစ်ဆေးရာတွင် (၁၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅ နှစ်နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်​ ရောဂါ မဟုတ်သည့် နာတာရှည်​ရောဂါ​ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်းတောင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် လူစည်ကားရာ နေရာဖြစ်သည့် မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။
Sep 15,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဈေးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့်Vaiunteerများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmများ ထိုးနှံပေးခြင်းကို ဩဂုတ်လ ၉ ရက်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ (၁၄.၉.၂၀၂၁)ရက်နေ့အထိ ဒေသခံပြည်သူ(၆၁၅၅)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ ကြောင်းသိရသည်။
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်၌၂၀၂၁ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၁၂၇၀၀၀ စိုက်ပျိုးရန် လျာထားခဲ့ရာ စိုက်ပျိုးပြီး ကွင်းပိတ်ချိန်တွင် ၁၂၇၀၀၃ ဧက စိုက်ပျိုးပြီး ဖြစ်၍ လျာထားဧကထက် ကျော်လွန် စိုက်ပျိုး နိုင်ပြီး ရာနူန်းအားဖြင့် ၁၀၀% စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်း ထံမှသိရသည်။