ညောင်ဦး စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ ခရိုင်ရုံးများမြေနေရာရှိ သိမ်းဆည်းခံ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တောင်သူများ လက်ဝယ်အရောက်မြေယာလျော်ကြေးပေးအပ်ပွဲအခမ်း အနားကျင်းပ ခဲ့ကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံ ရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်ကအဖွင့်အမှာစကားပြောကြား သည်။ ပြီးနောက် သက်ဆိုင်ရာဌာနများမှ မြေယာ လျော်ကြေး ငွေထုတ်ယူပေးချေမည့် အခြေအနေများအား ခရိုင်ပညာရေးဦးစီးဌာန ခရိုင်ပညာရေးမှူးဒေါ်စုစုခင်၊ညောင်ဦးခရိုင် သာသနာရေးဦးစီးဌာန၊မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦးခရိုင် စာရင်းစစ်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လင်းတို့က မြေယာလျော် ကြေးပေးချေခြင်းတို့အား ရှင်းလင်းပြောကြားသည်။ပြီးနောက် ညောင်ဦးခရိုင်/မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရယူထားသည့် မြေဧရိယာ (၆.၆၀)ဧကအတွက် မူလ တောင်သူ ဦးအက်(ကွယ်လွန်)၏အမွေစားအမွေခံ သားသမီးများအား (၈၂၅)သိန်းကျပ်၊ ညောင်ဦးခရိုင်ပညာရေးမှူးရုံးမှ ရယူထား သည့် မြေဧရိယာ(၀.၆၉)ဧကအတွက်မူလတောင်သူ ဦးဝင်းမောင်အား ၈၆ သိန်းကျပ်၊ခရိုင်ပညာရေးမှူးရုံးမှ ရယူထား သည့် တောင်သူ ဦးသိန်းဇော်ဦး၏ မြေဧရိယာ (၁.၁၅)ဧကအတွက် မြေယာလျော်ကြေး ၁၄၃ သိန်း ၅ သောင်းကျပ်၊ ညောင်ဦး ခရိုင်သာသနာရေးဦးစီးဌာနကရယူထားသည့် မြေဧရိယာ (၀.၂၃) ဧကအတွက် မူလတောင်သူ ဒေါ်ကံရှင် (ကွယ်လွန်)၏ကိုယ်စား အမွေစားအမွေခံကိတ္တိမသား ဦးချစ်တင်အား ၂၈ သိန်း၊ ၇သောင်း ၅ထောင်ကျပ်အား လည်းကောင်း၊ညောင်ဦးခရိုင် စာရင်းစစ်ရုံးမှရယူထားသည့် မြေဧရိယာ (၀.၂၅)ဧကအတွက် မူလတောင်သူ ဦးမေင်ဝင်း သို့ မြေယာလျော်ကြေးငွေ ၂၂ သိန်း၅သောင်းကျပ်နှင့် မြေဧရိယာ (၀.၆၇)ဧကအတွက် ဒေါ်ကံရှင်(ကွယ်လွန်)၏ကိုယ်စား အမွေစားအမွေခံ ကိတ္တိမသား ဦးချစ်တင်သို့မြေယာ လျော်ကြေး ၆၀ သိန်း၊ ၃သောင်းကျပ်တို့အား သက်ဆိုင်ရာ ဌာနများ ကမြေယာလျော်ကြေး ကိုတောင်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ရာ မူလတောင်သူများနှင့်သားသမီးများက လက်ခံရ ယူသည်။
မြေယာလျော်ကြေးငွေများပေးအပ်ပြီးနောက် တောင်သူများကိုယ်စား မူလတောင်သူ ဦးအောင်နိုင်ဝင်းမှ သက်ဆိုင်ရာ ဌာန များနှင့်နိုင်ငံတော်အစိုးရတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားပြီး ညောင်ဦးခရိုင်လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ကနိဂုံးချုပ် အမှာစကားပြော ကြား ခဲ့ကြောင်းသိရသည်။
ကိုထိန်(KPD)