ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၄၀၀၀  တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်

ကျိုင်းတုံ   စက်တင်ဘာ   ၁

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၄၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ မွန်းတဲ့ ၁၂ နာရီခွဲက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၄၀၀၀ ၊ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို လက်ခံကြသည်။

အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၄၀၀၀ သည်တစ်လုံးလျှင် လူဦးရေ ၄ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ (၂၀၀၀၀) စာအတွက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)