မိုးမိတ်မြို့နယ်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့

မိုးမိတ်  စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် မိုးမိတ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (MCCT) ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့  နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများက ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။       

ထိုသို့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုဝင်းက (MCCT) ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင်ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို တစ်ဦးလျှင် (၄၅,၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး  ကိုဗစ်-၁၉ ကာလ ဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခြင်း ရှိသလို မိမိတို့ဌာနမှလည်း ကျေးရွာများအရောက် ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မိုးမိတ်မြို့နယ်တွင် ပထမသုံးလပတ်အတွင်း  ကိုယ်ဝန်ဆောင်မိခင် (၆၃၂)ဦးနှင့် အသက်(၂) နှစ်အောက် ကလေးငယ် (၅၂၂) ဦး  တို့အား(MCCT) ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။       

မိုးမိတ်သား(စည်သူဌေး)