ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကလေး  စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြိုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်စုပေါင်းရုံး(OSS)တွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျ နေရာယူစေ ခြင်းများနှင့် လိုအပ်သည်များကို  ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာ မြို့နယ်စုပေါင်းရုံး(OSS)သို့ သံဃာတော်(၁)ပါး၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၅၀)ဦး၊ ဘိုးဘွားရိပ်သာ(၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ (၁၃၅)ဦး၊  ပရဟိတ အသင်းဖွဲ့များမှ (Volunteer)(၆၅)ဦး၊ ဟိုတယ်နှင့်တည်းခိုခန်းများမှ(၂၂)ဦး တို့ကို ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ (၁၃) ရက်နေ့မှယနေ့အထိ စုစုပေါင်း(၃၀၀၀)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မောင်ကျော်