ကျိုက်လတ်မြို့ အမှတ် ၆ ရပ်ကွက် ဆန်စက်များရှိ လုပ်သားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ

ကျိုက်လတ်   စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အမှတ် ၆ရပ်ကွက်ရှိ ဆန်စက်လုပ် သားများအား ယနေ့ နံနက် နာရီမှစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့်အဖွဲ့ဝင်များကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အမှတ် ရပ်ကွက်အတွင်းရှိ ပြည့်လျှံဆန်စက်၊ ငွေစကြာဆန်စက်၊ ငွေစင်ယော်ဆန်စက်၊ ကြံတိုင်းအောင်ဆန်စက်၊ ထွန်းဇမ္ဗူဆန်စက်များရှိ ဆန်စက်လုပ်သား ၈၂ ဦးအား ပြည့်လျှံဆန်စက်တွင်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်အဝင်ဝတွင် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် သတ်မှတ်နေရာများ တွင်ထိုင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းတို့ကို ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ကျန်းမာ ရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊  ပုံမှန်အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ ထွက်ခွာရန်ရှိပါက ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ပြီးမှ အပြင်သို့ထွက်ရန် စသည်တို့ကိုအသိ ပညာပေး မျှဝေပေးခဲ့ကြသည်။

ဌေးဌေးလှိုင် (ကျိုက်လတ်ပြန်/ဆက်)