ဖျာပုံ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလှုံ့ဆော် ပညာပေးလှုပ်ရှားမှုအဖြစ် ကိုယ်ခံစွမ်းအား မြှင့်တင်နိုင်ရေး သရုပ်ပြခြင်းနှင့်နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေဆောင်ရွက်ခြင်းကို ခရိုင် ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာနနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးစုရပ်များဖြစ်သော အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(၂)ကျောင်းရှေ့တို့တွင် သရုပ်ပြအသိ ပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာခြင်းကြောင့် ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်ချိန်တွင် ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကိုယ်ခံစွမ်း အားရှိအောင် နေထိုင်နိုင်ရန်ရည်ရွယ်၍ ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးဝန်းထိန်နှင့် တာဝန်ရှိသူများက အားကစားအဖွဲ့နှင့်ပူးပေါင်း၍ကိုယ် လက်လေ့ ကျင့်ခန်းများဖြစ်သော “လက်ဆေးပါ” “လမ်းလျှောက်ပါ” Exercise is Medicine” စသောအကများဖြင့် အသိပညာပေး ဖျော်ဖြေခြင်းနှင့်နှာခေါင်းစည်း Mask များအခမဲ့ဝေငှပေးခြင်း ကိုဖျာပုံမြို့ အ.ထ.က(၁)ကျောင်းနှင့်အ.ထ.က (၂)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစုရပ်နေရာများတွင် အသိပညာပေးဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)