အင်္ဂပူ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ၊ ပြည်သူ့အားကစားခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်)ဆေးထိုးနှံမည့် အသက် ၅၅ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ဒုတိယနေ့ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးကို တတိယအသုတ် (ပထမအကြိမ်)အဖြစ် ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသော အင်္ဂပူမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ် အထက်ပြည်သူများအား ဒေသအလိုက် ကာကွယ်ဆေးထိုးအဖွဲ့ ၁၂ ဖွဲ့ဖြင့် ကျန်းမာရေး ဝန်ထမ်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်(ပြန်/ဆက်)