နောင်ချိုမြို့၌ ရဟန်း၊ သာမဏေ၊ သီလရှင်များ ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုများဆက်လက်ဆောင်ရွက်

နောင်ချို  စက်တင်ဘာလ   ၁၇  ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက် လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သံပို ၊ ကုလားကွဲ ၊ ဒိုးပင်အုပ်စုများရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာ(၄၈)ပါး၊ သီလရှင် (၆)ပါး၊ လူပုဂ္ဂိုလ် (၁၃) ဦး ၊နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ လူပုဂ္ဂိုလ် (၁၇)ဦး  ၊ ဆီဆုံ၊ တောင်ရှည် ၊ ရေတွင်းကြီးအုပ်စုများ၌ လူပုဂ္ဂိုလ် (၁၂၂)ဦး စုစုပေါင်း (၂၀၆)ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ် (၅၈)ဦး  ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရော ဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိ သည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ကျေးရွာ၊ ရပ်ကွက်များသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် စက်တင်ဘာလ(၁၆) ရက်နေ့ထိ အတည်ပြုလူနာ (၂၇၄၄)ဦး၊ သေဆုံးသူ (၃၃)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၂၆၁))ဦး၊ ကုသမှုခံယူနေဆဲ (၄၅၀)ဦး ရှိကြောင်း ၊ ကိုဗစ်-၁၉ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်စေ ရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း  မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)