နောင်ချို စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းအား ယနေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးအသိပညာ ပေးစာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် မခံရ စေရန် ပြုမှုနေထိုင်ရမည့် နည်းလမ်းများ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ Mask စနစ်တကျ တပ်ဆင်နည်းများ၊ စ နစ်တကျလက်ဆေးနည်းများ၊ မိမိကိုယ်နှင့်အခြားသူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကာကွယ်ရန်နည်း လမ်းများ၊ကိုဗစ်- ၁၉ရောဂါအတွက်တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/ သတိပေးချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုက်ရာ ကြိုတင်ကာကွယ်ရေး သတိပေး လမ်းညွှန်ချက်များ၊ လိုက်နာဆောင်ရွက် ရမည့်အချက်များ စသည့် အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြသဆောင်ရွက် ထားပါသည်။
ထိုသို့ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်း လုပ်ငန်းကို ပြည်သူအကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်။