ဆီဆိုင် စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ မြကန်သာရပ်ကွက်သို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှည့်လည်အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပြင်ထွက် တိုင်း Maskတပ်ရန်၊ လူစုလူများ ရှောင်ရှားရန်နှင့်မပြုလုပ်ရန်၊ အခြားသူများနှင့် ၆ပေအကွာ ခပ်ခွာခွာနေပါ၊ လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်း သည့်နေရာတွင်နေပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက် သည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားပြီး ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးသည်မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိဘပြည်သူများ အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ အသိပေးပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး လှည့်လည် နှိုးဆော်အသိပညာပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)