ကော့သောင်းမြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ (Sinopharn) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

 

ကော့သောင်း၊စက်တင်ဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်အသက်(၅၅)နှစ်မှ(၆၄)နှစ်အတွင်းရှိပြည်သူများအား တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အဏ္ဏဝါရပ်ကွက်၊ မဥ္ဇူသကခန်းမ၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၅၅) နှစ်မှအသက်   (၆၄)နှစ်အတွင်း ရှိ ပြည်သူများ၊   စက်ရုံအလုပ်ရုံရှိဝန်ထမ်းများ၊ စည်ပင်သာ ယာလက်အောက်ရှိဆိုင်ဝန်ထမ်းများ၊  သယ်ယူပို့ဆောင်ရေး လက်အောက်ရှိ ဝန်ထမ်းများ၊  သွင်းကုန်/ထုတ်ကုန် လက်အောက်ရှိ ဝန်ထမ်းများ၊နာတာရှည် ရောဂါရှိသူများနှင့် မသန်စွမ်း သူများ  အားထိုး နှံပေးလျက်ရှိပြီး ယခင်ကာကွယ်ဆေး   Sinpharm   အမျိုးအစား   ကာ ကွယ်ဆေး ပထမ အကြိမ် ထိုးပြီး၍ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကိုလည်း ထိုးနှံပေး လျှက်ရှိကြောင်းသိရသည်။

ကော့သောင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကာကွယ်ဆေး အလုံးရေ(၈၇၆)လုံး ရရှိပြီးဆေး(၁) တစ်လုံးလျှင်လူ(၅)ဦးစာ ထိုးပေးမည်ဖြစ်သည့်အတွက် စုစုပေါင်း လူဦးရေ(၄၃၈၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပေးပို့သူ-ကျော်စိုး(ကော့သောင်း)