ဝေါ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဝေါမြို့ ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူရှင် ဦးကျော်ခင် (Director, ADVANCE Air-conditioning & Engineering Co.Ltd) မှ ဝေါမြို့ ဦးမိုးစု ဘုန်းကြီးကျောင်း ဆရာတော် ဉူးတေဇာနန္ဒ တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဝေါမြို့နယ် ဆေးရုံရှိ လူနာများအား ကုသမှုပေးရန် လိုအပ်သော Oxygen Cylinder 40L (50 လုံး) ပေးအပ် လှူဒါန်းရာ ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင်၊ ဦးကြည်ဝင်းတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)