ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ဆေးရုံဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မောင်တော    စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ဆေးရုံဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က  ကညင်တန်းရပ်ကွက်ရှိ  ပြည်သူ ဆေးရုံ ဝန်းတွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးထွန်းနိုင် နှင့် တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ့ဆေးရုံဝန်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပစေရေး အတွက်  မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ ၊ အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်းကာ စုပေါင်း သန့်ရှင်း ရေး ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

သက်လွင်စိုး ၊ ခရိုင်(ပြန်/ဆက်)