အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက မင်္ဂလာကွက်သစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm မထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံ သင့်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလောမြို့နယ်ခန်းမတွင်  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အသက် (၅၅) နှစ်မှ (၆၄)နှစ်အတွင်း ဦးစား​​ပေးအလိုက် (ပထမ) အကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာများအလိုက် ဆေးထိုး နေရာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (သရက်ချောင်း)၊ ရငဲတိုက်နယ် ဆေးရုံနှင့် ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်၌ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းရှိ အသက်(၄၀)နှစ်နှင့်အထက်၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ဘုန်းကြီးကျောင်း၊သီလရှင် ကျောင်းနှင့်သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ဟိုတယ်/မိုတယ်/တည်းခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ Super Market/ စျေးများ၊ မသန်စွမ်းသူများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများ နှင့် ယာယီစခန်းများ၊ နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
Sep 18,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည်  ပြည်သူများအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သကဲ့သို့ ကာကွယ်ဆေး၏ အာနိသင်သည်လည်း အကျိုးသက်ရောက်မှု ရှိသည့်အတွက် လူတိုင်းထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။