အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ဘောဂလိမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျော့ချစေရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
Sep 18,2021
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်မှုမရှိစေရေး ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရာ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ နှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စည်ပင်ရုံးမီးပွိုင့်လမ်းဆုံ ဆေးရုံဟောင်းရှေ့ လမ်းဆုံ၊ ညနေစျေးလမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွ များ၌ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့၍ နေ့လယ် ၂ နာရီအချိန်တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် သွားမည် ဖြစ်သည်။
Sep 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ် မှုဖြင့် အသက် ၅၅ နှစ်နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူ များ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိ သူများအား တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ စတင်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက် များနှင့် အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံကြစေရေး နှိုးဆော်မှုများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယနေ့ နံနက်ပိုင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 18,2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်  10 Liter Oxygen Concentrator ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်‌ရောဂါကာကွယ် ဆေးအား သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဟင်္သာတမြို့ တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမည့်သူများနှင့် ကာကွယ်ဆေးမထိုးနှံရ‌သေးသည့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ၊ ရဟန်းသံဃာတော်များနှင့် သတ်မှတ် ဦးတည်အုပ်စုတို့တွင် ပါဝင်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရှိရသည်။