ပုလော စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံ သင့်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလောမြို့နယ်ခန်းမတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင် ထိုးနှံပေးလျက်ရှိရာ ပုလောမြို့နယ်၌ ကျား (၆၆၁) ဦး၊မ(၁၀၈၂)ဦး စုစုပေါင်း (၁၇၄၃)ဦး လာရောက်ထိုးနှံခဲ့ပြီး၊ အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့၀င်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက်ပိုင်း၌ မင်းထိန်ကျေးရွာ၊ ထမင်းမစားကျေးရွာ၊ ရှပ်ပုံ ကျေးရွာများတွင်လည်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိ သူတို့က ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
အေးအေးမော် (ပုလော)