လဲချား စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက မင်္ဂလာကွက်သစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ် နေသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေအပြင်ထွက် သွားလာပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသူများနှင့် တွေ့ဆုံ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းတို့မှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ပြင်ပမှလာရောက်သည့် ဧည့်သည်များအား လက်မခံကြရန်၊ ဆီးချို၊ သွေးတိုး နှလုံးရောဂါအခံရှိသူများကို ရောဂါကူးစက်မှု မခံရအောင် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)