သရက်ချောင်းမြို့နယ်တွင် အသက်(၅၅) နှစ်မှ (၆၄) နှစ်အတွင်း ဦးစား​​ပေးအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၃၁၀) ဦးအား ဆေးထိုးနှံပြီးဖြစ်

သရက်ချောင်း    စက်တင်ဘာ    ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အသက် (၅၅) နှစ်မှ (၆၄)နှစ်အတွင်း ဦးစား​​ပေးအလိုက် (ပထမ) အကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာများအလိုက် ဆေးထိုး နေရာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (သရက်ချောင်း)၊ ရငဲတိုက်နယ် ဆေးရုံနှင့် ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အသက် (၅၅) နှစ်မှ (၆၄) နှစ်အတွင်း ဦးစား​​ပေးအလိုက် ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုး နှံပေးလျက်ရှိရာ စက်တင်ဘာ (၁၆) ရက်နေ့မှ(၁၇)အထိ အစိုးရကျန်းမာရေးဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁)ဦး၊ စေတနာ့ဝန်ထမ်း (၁၆)ဦး၊ ဘုန်းကြီး/ သီလရှင် (၂၃)ပါး၊ နိုင်ငံ့ဝန်ထမ်း(၂၁)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၇၃)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၉)ဦး၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ(၂)ဦး၊ သယ်ယူပို့ဆောင်ရေးတာဝန်ယူထား သော ဝန်ထမ်းများ(၁)ဦး၊ အခြားလုပ်ငန်းရှင်များ(၃၉၉)ဦး၊ စားသောက်ဆိုင်မှ ဝန်ထမ်း (၅၆)ဦး၊ ရွှေ့ပြောင်းအုပ်စုများ(၇) ဦး၊  မှီခို(၆၀၅)ဦး၊ မသန်မစွမ်းသူများ(၂၃)ဦး၊ နာတာရှည်ရောဂါ ရှိသူများ (၇၁)ဦး၊ စုစုပေါင်း (၁၃၁၀) ဦးအား  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်း  လုပ်ငန်းကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များပူး ပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သရက်ချောင်း (ပြန်/ဆက်)