မိုင်းရှူးမြို့နယ်၌ အသက် (၄၀)နှစ်နှင့်အထက်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမ အကြိမ်ထိုးနှံပေးမည်ဖြစ်

မိုင်းရှူး  စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်၌ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းရှိ အသက်(၄၀)နှစ်နှင့်အထက်၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ဘုန်း ကြီးကျောင်း၊သီလရှင် ကျောင်းနှင့်သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ဟို တယ်/မိုတယ်/တည်းခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ Super Market/ စျေးများ၊ မသန်စွမ်းသူများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများ နှင့် ယာယီစခန်းများ၊ နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ(၁၉)ရက်နေ့၌ ရပ်ကွက် (၁) တရုတ်ဘုံခန်းမတွင် ရပ်ကွက် (၁)၊(၂)ကို နံနက် ၉နာရီမှညနေ၃နာရီထိ လည်းကောင်း၊ စက်တင်ဘာ(၂၀)ရက်နေ့၌ ရပ်ကွက်(၁) တရုတ် ဘုံခန်းမတွင် ရပ်ကွက်(၃)၊(၄) ကိုနံနက်၉နာရီမှညနေ ၃နာရီ ထိလည်းကောင်း၊ စက်တင် ဘာ(၂၁)ရက်နေ့တွင် ပန်စွဲခန်းမတွင် ပန်စွဲအုပ်စုကို နံနက်၉နာရီမှ နေ့လယ်၁၂ နာရီထိလည်းကောင်း၊ တရုတ်ဘုံခန်းမတွင် မော်မေ့ အုပ်စု၊နားစံအုပ်စုကို နေ့လယ် ၁၂နာရီမှ ညနေ၃နာရီ ထိလည်းကောင်း၊ စက်တင်ဘာ (၂၂)ရက်နေ့၌ အ-ထ-က (ဝမ်ကန်)တွင် ဟိုဆိုင်အုပ်စုကို လည်းကောင်း၊ စက်တင်ဘာ (၂၃)ရက်နေ့၌ မိုင်းအော့၊ ဝမ်ဆော့၊ ဟိုက်ပါ၊ မိုင်းစံတို့ကို ကျေးလက်ကျန်းမာရေးဌာန/ခွဲများတွင်လည်းကောင်း နေ့ရက်အလိုက် အလှည့်ကျထိုးနှံပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)