အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အထိရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက မြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက် ရှိသည်။
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ချက်များ လိုက်လံ ကြေညာ နိုးဆော်ခြင်းကို နေ့စဉ်ဆောက်ရွက် လျှက်ရှိရာ ယနေ့နံနက် (၈ ) နာရီအချိန်က မြို့နယ်ရပ်ကွက်များ အတွင်းလိုက်လံအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
Sep 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဟွာလ်ဇိက်၊ ဥတ္တရခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Sep 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးမြို့နယ်တွင် အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများ မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 18,2021
လာအိုနှင့်ထိုင်းနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအကြောင်းအမျိုးမျိုးကြောင့် နေရပ် အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယမန်နေ့ ညနေ၄ နာရီ ခွဲအချိန်တွင် ရောက်ရှိခဲ့ကြကြောင်းသိရသည်။
Sep 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများမှ သံဃာတော်များနှင့်သာမဏေများအား ကိုဗစ်- ၁၉ရောဂါကြို တင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရာဂါပိုး ရှိ/မရှိ RDTဖြင့်စစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက် ပေးလျှက် ရှိကြောင်းသိရသည်။