Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စစ်ကိုင်းမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ မိုးပျံနဂါး ဘက်စုံ မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ဆိတ်၊ ကြက် မွေးမြူ ထားရှိမှု အခြေအနေများ၊ အစားအစာရရှိနေမှုများ၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေမှုများကို ရှင်းလင်းတင်ပြပေးခဲ့ပြီး ဘက်စုံမွေးမြူထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၅၁၃၃)ဦးရှိပြီဖြစ်
Sep 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် သေဆုံးမှုလျှော့ချနိုင်စေ ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိသူများ ကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ဦးစားပေး ဦးတည်အုပ်စု အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအသုတ်(ပထမ)အကြိမ် ထိုးနှံမည်
Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့နည်းစေရန်နှင့်ရောဂါအမြန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်း၌စက်တင်ဘာလ၁၉ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ရွေ့လျားဈေးကားများဖြင့် လှည့်လည် ရောင်းချပေး
Sep 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း များ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အခြေခံ စားသောက်ကုန်များကို ရွေ့လျား ဈေးကားများဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အသက် (၅၅)နှစ်နှင့်ဦးတည်အုပ်စုများကို သတ်မှတ်စုရပ် နေရာများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး (၁၄၈၅)ဦးထိုးနှံပေးပြီး…
Sep 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ကို ဦးစားပေးအစီအစဉ်အလိုက်လူဦးရေ (၅၇၀၀)ကျော်ကို စက်တင်ဘာလ (၁၅)ရက်နေ့မှ စတင်ကာ ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် သတ်မှတ်နေရာများတွင် ပထမအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အထိ (၁၄၈၅)ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယမြောက်နေ့ ဆက်လက်ထိုးနှံလျက်ရှိ
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယ မြောက်နေ့အဖြစ် စက်တင်ဘာ ၁၈ နံနက် ၉ နာရီက ပခုက္ကူမြို့ ပြည်သာယာခန်းမ၊ ဒေသန္တရဆေးခန်း (၁)၊ အမှတ်(၉)အခြေခံပညာ မူလတန်းကျောင်းနှင့် စုရပ် အသီးသီးတို့တွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး၊ ဒုတိယအကြိမ် အဖြစ် လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Sep 18,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် ၊ ယခု လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၁၄ ရက်နေ့ကတွင် ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလလ ၁၈ ရက်နေ့ တွင် အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊စျေးရောင်းချ သူများ ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးနှံနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ လူနေထူထပ်သည့် လမ်းဆုံ လမ်းခွနေရာများ တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်၊ Hand Speaker တို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25503
Page
25504
Page
25505
Page
25506
Current page
25507
Page
25508
Page
25509
Page
25510
Page
25511
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department