ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကျောင်းပေါင်း ၂၄၄ ကျောင်းရှိ ဆရာတော် / သံဃာတော်၊ သာမဏေနှင့် သီလရှင်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများဆက်ကပ်လှူဒါန်း

 

ကျိုက်လတ်  စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများရှိ ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့ပေါ်ဘန်းတော်ကြီးကျောင်းများသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၃၄ ) ကျောင်း ၊ သီလရှင်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း(၂၄၄)ကျောင်းရှိ ဆရာတော်/သံဃာတော် (၁၅၅၉) ပါးနှင့် သီလရှင် (၄၄) ပါး စုစုပေါင်း (၁၆၀၃) ပါးတို့အား ဆွမ်းဆန် (၅၃၄) အိတ် ဆီ (၈၀၀) ပိဿာ၊ ပဲ(၈၀၀) ပိဿာ၊ ဆား (၁၆၀၃) ပိဿာ စုစုပေါင်း တန်ဖိုး(၂၀၉ ၇၉၂၀၀) လှူဒါန်းသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် နှင့်အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်