မယ်စဲ့ စက်တင်ဘာ ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက စီစဉ်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က မြို့နယ်ခန်းမနှင့် နမ့်မန်းကျေးရွာ ဆေးထိုးစုရပ်တို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်အဖြစ် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူ ၁၃၃ ဦး၊ နိုင်ငံဝန်ထမ်း ၈ ဦး၊ စေတနာ့ဝန်ထမ်းတစ်ဦး၊ ကုန်စုံဆိုင် ဈေးဆိုင်များ ၁၈ ဦး၊ စုစုပေါင်း ပြည်သူ ၁၆၀ ဦးကို ဆေးထိုးစုရပ်နှစ်ခု၌ ထိုးနှံပေး ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်