တာချီလိတ်မြို့တွင် Rapid Test Kit စနစ်ဖြင့်  ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ လာရောက်စစ်ဆေးခဲ့သူ(၁၀၇)ဦးရှိ

တာချီလိတ်   စက်တင်ဘာ  ၂၁                                                                                                                                                         

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့ရှိ  ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  ကျန်းမာရေး ဝန်ကြီးဌာန၏  လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင်  လာရောက်စစ်ဆေးမှု ခံယူခဲ့သူ(၁၀၇)ဦး ရှိကြောင်း သိရသည်။

အဆိုပါ လာရောက်စစ်ဆေးခဲ့သည့်(၁၀၇)ဦးအနက် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခ့ဲသူ အမျိုးသားတစ်ဦး အမျိုးသမီးလေးဦး စုစုပေါင်းငါးဦးဖြစ်ပြီး ၎င်းတို့ကို အားကစားရုံစင်တာ၊ တာလေရန်ကင်းစင်တာများ၌ သီးခြားထားရှိကာ အသွားအလာကန့်သတ်စောင့်ကြည့်၍  ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ(၂၆၆၅)ဦး ထိရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၅၁၄)ဦးရှိကာ သေဆုံးသူ(၉၅)ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)