အလုံမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်းရှိ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ စက်တင်ဘာ ၂၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယ​နေ့နံက် (၉:၀၀) အချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက်​နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးအား ထိုးနှံ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။  

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉​ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ကျန်ရှိနေသော ပြည်သူလူထုများကိုလည်း ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)