ဝါးခယ်မ စက်တင်ဘာ ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော ဟင်္သာဒုံးကျေးရွာနှင့် အထက်ပေကုန်းကျေးရွာတို့ရှိ နေအိမ်(၈)လုံးအတွက် ယနေ့နံနက် ၉နာရီ က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဒေါ်လဲ့ရည်ချိုနှင့် တာဝန်ရှိသူများကရွှေ့ ပြောင်းခဲ့သည့် နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေအဖြစ် (၁)အိမ်လျှင်ငွေကျပ်(၁)သိန်း နှုန်းဖြင့် ငွေကျပ်(၈)သိန်း၊ မိသားစုဝင်(၃၉)ဦးအား ဆန်ရိက္ခာအဖြစ်(၁)ဦးလျှင်ငွေ(၂၁၀၀)ကျပ်နှုန်းဖြင့် ငွေ (၈၁,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈၁,၉၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။
စောသန္တာဦး(ပြန်/ဆက်)