အင်္ဂပူ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၅)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ကွင်းကောက်)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာသို့ အမှတ် (၅) တပ်မတော်တန်းမြင့် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးမှ ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး အောင်ကျော်မိုးနှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်နိုင်တို့က ကွင်းဆင်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ မိမိတို့မြို့နယ်တွင် နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင် ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီးရပ်ကွက်/ ကျေး ရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေးစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေးစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေထိုင်သူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
မန်းကျော်