ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် စာသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ပန်ဝါ   စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ Covid -19 ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် စာသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေး နိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၀၉:၀၀)အချိန်က ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာနဆိုင်ရာများ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပန်ဝါမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ် မရောင်းချပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်၊ ဆိုင်ရှေ့တွင် (Hand gel) ထားရှိရန်၊ လက်ဆေးဘေစင် ထားရှိရန်၊ (Mask)တပ်ပြီး စနစ်တကျရောင်းချရန်နှင့် ကုန်ပစ္စည်များကို ကာလဒေသနှုန်းထားထက် ကျော်လွန်ပြီး မရောင်းချရန်နှင့် ချမှတ်ပေးထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။