အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လည်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၈ ဦး နှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 21,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူး​ပေါင်း၍ အမှတ်(၁)ရပ်ကွက်ရှိဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Sep 21,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ဖြစ် ဆဌမရက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျ ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေမြို့ကျေးရွာအုပ်စုရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းတို့၌ ကာကွယ်ဆေး ထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး   ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို  မေလ ၃ရက်နေ့ မှ စတင်၍ ဟင်္သာမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်း‌‌ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုးနှံပေး လျက်ရှိရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေး စင်တာတွင် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 21,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၂)စုရှိ ကျေးရွာ ၃၅ ရွာမှ ဒေသခံတောင်သူများ မိတ္ထီလာကန်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်(၀၉:၃၀)ချိန်တွင် နဝဒေးရပ်ကွက်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူ ထားသည့် အောက်ဆီဂျင် စက်မှာ ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားရှိသည့်နေရာသို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။