တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံနယ်မြေအတွင်း အသက်(၅၅)မှ(၆၄)နှစ်အကြား(ပထမ)အကြိမ် ကိုဗစ် ကာကွယ်ဆေးစုရပ်(၂)ခုခွဲ၍ ဆက်လက်ထိုးနှံပေး

တနင်္သာရီ စက်တင်ဘာ ၂၁

     

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံနယ်မြေအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင် ရေးနှင့် လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ(၆၄)နှစ်အကြားရှိ ဦးစားပေးအဆင့်လိုက် ပြည်သူများ အား တကူတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ လမ်းညွှန် ကြီးကြပ်မှုဖြင့်  (ပထမ)အကြိမ်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ ကာကွယ်ဆေးထိုးမည့်ပြည်သူများသွားလာမှုပိုမိုအဆင်ပြေ လွယ်ကူစေရန် အထက-တကူကျောင်းနှင့်အထက (ခွဲ)သာရဘွင်ဟူ၍ ဆေးထိုးစုရပ်(၂)ခုခွဲ၍ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

   

ယင်းသို့ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ(၆၄)နှစ် အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းအုပ်စုများ၊ ယာယီပြောင်းရွှေ့စခန်းများရှိ ပြည်သူများ၊ မကူးစက်နိုင်သောရောဂါရှိသူများ၊ နာတာရှည်ရောဂါရှင်များ၊ စသည့် ဦးစားပေး အဆင့်လိုက် ထိုးနှံပေးရာ အထက-တကူ ဆေးထိုးစုရပ်တွင် (၅၅)နှစ်အထက် (၅၅)ဦး၊ ပရဟိတအဖွဲ့ (၂၃)ဦး၊ ဝန်ထမ်း (၄)ဦး၊ ဈေးရောင်းချသူများ (၆၁)ဦး၊ ပို့/ဆက်လုပ်သား (၁၁)ဦး နှင့် နာတာရှည် (၅)ဦးနှင့် ပုဂ္ဂလိကလုပ်ငန်း (၁၃)ဦး၊ မသန်စွမ်းသူ (၁)ဦး၊ ပေါင်း(၁၇၂)ဦးနှင့် ယခင်အသက်(၆၅)နှစ်အထက် ဦးတည်အုပ်စုများမှ (ပထမ)အကြိမ်ကာကွယ်ဆေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသူများအနက် (ဒုတိယ)အကြိမ် လာရောက်ထိုးနှံသူ(၈)ဦး၊ ပေါင်း(၁၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

  

အလားတူ သာရဘွင်ကျေးရွာအုပ်စု၊ အထက(ခွဲ)သာရဘွင် ဆေးထိုးစုရပ်တွင် (၅၅)နှစ်အထက် (၂၃)ဦး၊ ပရဟိတ (၂၀)ဦး၊ ဝန်ထမ်း (၆)ဦး၊ ‌ဈေးသည်များနှင့် မိသားစုဝင်များ (၅၄)ဦး၊ ပို့/ဆက် လုပ်သား(၉)ဦးနှင့်နာတာရှည်(၆)ဦး၊ ပေါင်း(၁၂၀)ဦးကိုလည်း ထိုးနှံပေးနိုင်ခဲ့ရာ ယနေ့တွင်တကူ တိုက်နယ်ဆေးရုံနယ်မြေအတွင်း စုစုပေါင်း (၃၀၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် က်တင်ဘာလ၂၂ ရက်နေ့တွင်လည်း ယခုကဲ့သို့ဆေးထိုးစုရင်ခွဲ၍ဆက်လက်ထိုး နှံပေး သွားမည် ဖြစ်ကြောင်း ဒေါက်တာဖြိုးမြင့်ကြည်ထံက သိရသည်။

 

နန်းသာရီ-ထိန်ဝင်း