အင်းစိန်မြို့နယ်တွင် အိမ်​ထောင်စု(၇၀၀)ကျော်ကို အ​ခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥတို့ လှူဒါန်း

ရန်ကုန်  စက်တင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ကိုဗစ်၁၉-​ရောဂါ​ကြောင့် လူမှု​ရေး၊ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ စားဝတ်​နေ​ရေး အခက်အခဲဖြစ်​နေကြသည့် အ​ခြေခံပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးနှင့်ထိန်းချုပ်​ရေး အထောက်အကူပြုအဖွဲ့မှ စာရင်းများ​ ကောက်ယူပြီး သဒ္ဓါထက်သန် သည့်​ စေတနာအလှူရှင်များထံ​ ပေးပို့ခဲ့ရာ ယ​နေ့နံနက်တွင် အနန္တဂုဏ်ရည်ဆရာ​တော် ဦးစီးပြီး စာချရဟန်း​တော်များမှ Anandagoneyee Society အသင်းနှင့်(၇)ရက်သားသမီး အလှူရှင်များက အင်းစိန်မြို့နယ် အတွင်းရှိအိမ်​ထောင်စု(၇၀၀)ကျော်ကို အခြေခံစားကုန်ဆန်၊ ဆီ၊ ကြက်ဥတို့ကို အနန္တဂုဏ်ရည်​ကျောင်းတိုက်​ရှေ့တွင် လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် အိမ်​ထောင်စု​ပေါင်း(၇၅၀)ကို အိမ်​ထောင်စုတစ်စုလျှင် ဆန် (၁၂)ပြည် အိတ်တစ်အိတ်၊ ဆီတစ်ပိသာဘူးတစ်ဘူး၊ ကြက်ဥ(၁၀)လုံးတို့ကို​ စော်ဘွားကြီးကုန်းရပ်ကွက်၊ နံ့သာကုန်းရပ်ကွက်၊​တောင်သူကုန်းရပ်ကွက်၊ ကြို့အ​ရှေ့ရပ်ကွက်၊​ ဖော့ကန်ရပ်ကွက်၊​ အောင်ဆန်းရပ်ကွက်တို့မှ အခြေခံ ပြည်သူများကို လှူဒါန်းခဲ့​ကြောင်း သိရသည်။

မျိုးသန့်