အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော ထိခိုက်လွယ်အုပ်စုများဖြစ်သို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က အိမ်နိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက် (၉:၀၀)နာရီ မှ ညနေ(၄:၀၀)နာရီ အထိ မြို့နယ် ပြည်သူ့ဆေးရုံ တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသေးသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ (၈၉၇၇) ဦးထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။
Sep 21,2021
လားရှိုးမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လူဦးရေ ၉ သောင်း ကျော်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေးများ ယနေ့ နံနက် ၁၀နာရီအချိန်တွင် ရောက်ရှိလာကြောင်းသိရသည်။
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လာသည့် Oxygen Plant ထားရှိရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံ၀င်းအတွင်းရှိ မြေကွက်လပ်တွင် အဆောက်အဦ စတင်ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။
Sep 21,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၁)ဦး စစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၀)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၃၈၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၅) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၈၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၄) ဦး၊ သူနာပြုသင်တန်းကျောင်းတွင် (၃၄)ဦး ၊ တပ်မတော်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲဆေးရုံတွင် (၃)ဦး၊ မယ်စဲ့ဆေးရုံတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃၀)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် မှသံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိ / မရှိ စစ်ဆေးခြင်း များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Sep 21,2021
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများနှင့် လုပ်သားပြည်သူ များစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသည်။