ဂွမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်Maskနှင့်လက်သန့်ဆေးရည်များအခမဲ့ဖြန့်ဝေ

 

 

ဂွ စက်တင်ဘာ ၂၄

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ   ကာကွယ် ထိန်းချုပ်နိုင်​ရေးအတွက် Maskများ လက်သန့်ဆေးရည်များကို မြို့အဝင် အထွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့်ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လည်းကောင်း၊ ဂွမြို့ ကိုဗစ်ကာကွယ်ဆေးထိုး စုရပ်သို့ဆေးထိုးရန် လာရောက်သူများကို လည်းကောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့  နံနက်ပိုင်းတွင် အခမဲ့သွားရောက် ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သွားရောက်ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက မြို့အဝင်/ အထွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် နှင့်ကျန်းမာရေးစစ်ဆေးရေး ဂိတ်တို့တွင် နှာခေါင်းစည်း Mask အခု(၃၀၀)၊ လက်သန့်ဆေးရည်(၃)ဘူး၊ Face shield (၅)ခုနှင့် ဗီတာမင်ဒီ(၁)ဘူးစီ တို့ကို  သက်ဆိုင်ရာ  တာဝန်ရှိသူများထံ  ထောက်ပံ့ပေးအပ်ခဲ့ပြီး ဂွမြို့ရှိ ကိုဗစ် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့်  သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့  ဗိမ္မာန်တွင် ကာကွယ်ဆေးထိုးရန် လာရောက်  သူများကို Maskအခု (၁၀၀၀)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်