မင်းပြား စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း၌ လတ်တလော အသက်ရှု လမ်းကြောင်းဆိုင် ရာကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းကို ဆက်လက်ထိုးနှံလျက်ရှိရာ စက်တင်ဘာ(၂၄)ရက် နေ့ ထိပြည်သူအများအပြား လာရောက်ထိုးနှံလျှက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရန် လာရောက်သူတို့၏ရင်တွင်း စကားသံများကိုလည်း ယခုလိုဖော်ပြပေး လိုက်ပါသည်။
ကျွန်တော်က မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ သံထောင်ကျေးရွာ မှာလက်ရှိနေထိုင်နေတဲ့ ဦးမောင်ဘဖြစ်ပါတယ်၊ ကျွန်တော်အသက်က(၆၈)နှစ်ရှိပါပြီ၊ ကျွန်တော်တို့မှာ မိသားစု(၈)ဦး ရှိပါတယ်၊ (၄)ယောက်ကဆေးထိုးပြီးပြီ။ ကျွန်တော်ဟာ နေမကောင်းဖြစ်နေလို့ အခုမှ ပထမအကြိမ် ဆေးလာ ထိုး တာပါ၊ ကျန်တဲ့လူတွေကကလေးတွေပါ။ ကျွန်တော်ကိုဗစ်-၁၉ရောဂါကို ကြောက်ပါ တယ်။ ကျွန်တော် ကအဆုတ်မကောင်းပါ၊ ဆေးထိုးရမှာကိုလည်း ကြောက်ပါတယ်၊ ကိုဗစ်-၁၉ရောဂါဟာ ကူးစက်ရောဂါ ဖြစ်တယ်၊ လတ်တလော အသက်ရှုကျပ်ပြီး သေတဲ့ရောဂါဖြစ်လို့ ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ မြင်ပါတယ်။ အစိုးရကလည်း ပြည်သူတွေကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်ကို လိုက်နာဖို့ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်မြို့ပေါ်မှာ အသံချဲ့စက်တွေနဲ့ အသိပေး၊ သတိပေးနှိုးဆော် နေတာတွေကို တွေ့မြင်ရတယ်။ ကျွန်တော် တို့ပြည်သူတွေလည်း လိုက်နာဖို့လိုပါတယ်။ ပြည်သူတွေလည်း နှာခေါင်းစည်းတပ်တာတွေ အခုလို ကာကွယ်ဆေးကို အများအပြား လာရောက် ထိုးနှံတာတွေကို တွေ့ရပါတယ်။ ရောဂါလည်း ကျဆင်းသွားတယ်၊ ဝမ်းလည်းသာပါတယ်။ အစိုးရကိုလည်းဆေးထိုးပေးလို့ ကျေးဇူတင်ပါတယ်ဟု ပြောကြားသွား ကြောင်းသိရသည်။
သိန်းနုအောင်