ခင်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်သဖြင့် မိုးစပါးစိုက်ဧက (၁၀၀၀) ကျော် ထိခိုက်

ခင်ဦး  စက်တင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်သဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ထိ မိုးစပါးစိုက်ဧက (၁၀၀၀) ကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။

 

ခင်ဦးမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့က ရွာသွန်းသော မိုးရေချိန်မှာ (၃ ဒသမ ၀၈) လက်မ ရွာသွန်း ခဲ့သဖြင့် မူးတိမ်ချောင်းရေလျှံမှုနှင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မောရချောင်း ရေဝင်ရောက်မှုကြောင့် ပင်တင်းကန် ကျိုးပေါက်ခဲ့ပြီး ရပ်ကွက်၊ကျေးရွာ အုပ်စုပေါင်း (၂၄) အုပ်စု၊ တောင်သူပေါင်း (၃၁၄၀) ဦး၊ မိုးစပါးစိုက်ဧက (၁၃၁၉၆) ဧက ရေလွှမ်းမိုးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့နစ်မြုပ်ခဲ့ရာမှ ရေကျသွားသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ထိ မိုးစပါးရေနစ်မြုပ်ရာမှ ပြန်ပေါ် ဧက (၁၁၃၁၀) ဧကမှ  ထိခိုက်ဧက (၁၁၅၄) ဧက ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာက သိရသည်။

 

စိုးဝေအောင်(ခင်ဦး)