Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၃၁၅၄၁ ဦးရှိ
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသောဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၁၅၄၁ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်နှင့် ငါးခူရ(ဘင်္ဂါလီ) ကျေးရွာများရှိ အသက်(၄၅)နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ…
Sep 25,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်နှင့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာများရှိ အသက်(၄၅)နှစ်နှင့် အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ အဆိုပါကျေးရွာရှိ စုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်အတွင်းရှိ တောင်သူများအား စွမ်းဆောင်ရည် မြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် တောင်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ အသက် (၅၅) နှစ်အထက် လူကြီးများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိ…
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အသက်(၅၅)နှစ်အထက် လူကြီးမိဘများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးခြင်း ကို နံနက် ၉ နာရီအချိန်က စတင်၍ ချောင်းသာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ သတ်မှတ်ဆေး ထိုးစုရပ်များအလိုက် ဒေသခံပြည်သူများက အေးချမ်းစွာ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား လူမျိုးဘာသာမရွေး ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 25,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီ အချိန်က ဘူးသီးတောင်မြို့ အလက (၃)စာသင်ကျောင်း၌ စုရပ်ထားရှိကာ အသက်(၁၈)နှစ်အထက် ပြည်သူ (၈၀၀)ဦး တို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရသေ့တောင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ တက်ရောက်၊ မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း…
Sep 25,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံ…
Sep 25,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ သယံဇာတ ရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်၊ လူမှုရေးဝန်ကြီး ဦးတင်ချယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း က သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေး လိုက်လံကြည့်ရှုအားပေးကာ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25437
Page
25438
Page
25439
Page
25440
Current page
25441
Page
25442
Page
25443
Page
25444
Page
25445
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department